edu

{"books":[{"bname":"Super 30 [2019]","thumbnail":"https://i.imgur.com/86DnTy1.jpg","wname":"2019 ခုနှစ်မှာ အောင်မြင်မှု တော်တော် ရခဲ့ပြီး

2017 ကတည်းက ပျောက်နေတဲ့ လက်ပွားမင်းသားခေါ် Hrithik Roshan ရဲ့ ရုံတင်ဇာတ်ကားကြီး

အကြည်တက်ပြီမို့ တင်ဆက်ပေးလိုက်ပါတယ်။


ဒီကားကတော့ အိန္ဒိယနိုင်ငံရဲ့ သင်္ချာဆရာ

အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို

ပြန်လည်ပုံဖော်ထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ပါ။


IMDb Rating - 8.5/10

Google Users - 96%

Genere - Drama

---------------------------------------------------


အညွှန်းမရေးခင် ကြိုပြောချင်ပါတယ်။


‌အညွှန်းမဖတ်ဘဲ ကြည့်တာက ပိုပြီး သင့်တော်မယ်လို့ ထင်မိပါတယ်။

‌တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ ရှောင်နိုင်တာ အကောင်းဆုံးပါ။


Spoiler တော့မပါပါဘူးခင်ဗျ။

‌ကဲ့  ပထမပိုင်းအတွက် အညွန်းလေး စပြီ။

‌နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။

‌သူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့

‌နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။

‌ဒီလို သူ့ရဲ့ အရည်အချင်းကြောင့်

‌သူ မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။

‌ကမ့်ဘရစ်ခ်ျ (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford)  စတဲ့ တက္ကသိုလ်တွေက

‌သင်္ချာအထူးပြုနဲ့ PhD ရဖို့ပေါ့။

‌လူဆင်းရဲတစ်ယောက်အတွက် အိပ်မက်တွေဟာ ရောင်စုံခြယ်ဖို့ ဈေးကြီးလွန်းလှပါတယ်။

‌ဒီလိုနဲ့ မမျှော်လင့်ဘဲ ဒုက္ခမိုးတွေ သူ့ဆီရွာသွန်းခဲ့ရာမှာတော့....


ဒုတိယပိုင်း(နောက်ပိုင်း)အတွက် ထပ်ညွှန်းရရင်တော့... ကိုယ်ပိုင်ခံစားမှုလေး ထည့်ပါရစေ။


ပညာရေးကို စီးပွားရေးအဖြစ် အသုံးချလာကြတဲ့ လူအသိုင်းအဝိုင်း၊

ပညာရွှေအိုး လူမခိုး လို့ပဲ ဆိုရိုးရှိခဲ့တာပါ။

ရွှေအိုးရှိမှ ပညာရ ဆိုတဲ့ စကားပုံတော့ 

မတွင်ကျယ်ခဲ့ဘူး။


ပတ်ဝန်းကျင်မှာ ကျောင်းမနေနိုင်တဲ့ 

ကလေးတွေ မျးလာတယ်။


ကျောင်းနေရင် ကျူရှင်မယူရတဲ့ ကလေးတွေမှာ

လကုန်တိုင်း ကျူရှင် ဆရာ မျက်နှာမဲ့မှာကို ကြောက်လာကြရတယ်။


ကျူရှင်စရိတ်(လခ)ပေးနိုင်ဖို့ အိမ်ကနေ အတင်းတောင်းရင်း

ကျူရှင်ပျက်ရာက ကျောင်းထွက်သွားရတဲ့အထိ

မြင်ဖူးခဲ့တယ်။


အဲ့ဒီလို ကလေးတွေ ရှိကြတယ်။


ဒါတွေကို မြို့နယ်မှာ အတော်ဆုံး လူဆင်းရဲဘဝက

ရုန်းကန်ခဲ့ရတဲ့ ဆရာအာနန်းကူးမား နားလည်ခဲ့ရာမှာတော့..... 

Super 30 အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။


--------------------------------------------

စာသင်ပြပုံတွေကို ရောထွေးပြီး ရိုးအီနေအောင်မထည့်ထားဘဲ

အဓိက အထွတ်အထိပ်ရောက်မှ

လိုအပ်သလို ဆွဲယူပြတာတွေက တော်တော်လေး အံ့မခန်းပါ။

နောက်ခံတီးလုံးတွေလည်း သစ်တယ်။


မျက်ရည်ကျလောက်တဲ့ ဘဝသရုပ်ဖော်တွေကို

ပရိသတ်ကို ဆွဲခေါ်သွားနိုင်တာက လေးစားဖွယ်။


အခက်အခဲတွေ မျိုးစုံကို ရင်ဆိုင်နေရတဲ့

ဆရာတစ်ယောက်အတွက် တပည့်တွေက

အတူဖြေရှင်းကြပုံတွေက အတုယူဖွယ်။


ဒီဇာတ်ကားဟာ ပညာရေး(Education) ကို

အခြေခံထားပြီး ဘဝသရုပ်ဖော်တွေကို ရင်ဘတ်ထဲ ထည့်တော့မှာမို့ကိုယ်တိုင်သာ ခံစားကြည့်လိုက်ပါ. . .


#Credit 

#ChannelMyanmar လိုအပ်သူများ​လေ့လာဖို့တင်​ပေးထားပါသည်။ မူရင်းတင်​ပေးထားသူများကို​ကျေးဇူးတင်ပါသည်", "link":"https://drive.google.com/file/d/1kGR2R1kzSo7Djj5qFrtW6OYMayFidCXi/view?usp=drive_link","link2":"https://drive.google.com/file/d/1kGR2R1kzSo7Djj5qFrtW6OYMayFidCXi/view?usp=drive_link","mb1":"120","mb2":"560","time":"145","category":"level"},{"bname":"Hichki (2018)","thumbnail":"https://i.imgur.com/gSccPeH.jpg  ","wname":"ဝင်ရိုးစွန်းကြယ်လေးဟာ သဘောၤတွေကို လမ်းပြပေးခဲ့တယ် ဆိုရင် ကျွန်တော်တို့အတွက် ဆရာမ ဟာ ဝင်ရိုးစွန်ကြယ်လေး ” ပါပဲ။ဒါကတော့ St.Nokler’s ကျောင်းရဲ့ အညံ့ဆုံးစာရင်းဝင် 9F အတန်းသားတွေက သူတို့ရဲ့ ဆရာမ Naina ကို ပြောခဲ့ကြတဲ့ စကားလေးတွေပါ။ဒီတော့ ဆရာမ Naina အကြောင်း စပြောရအောင်။ ဆရာမ Naina ဆိုတဲ့ မိန်းမပျိုလေးဟာ Tourette syndrome လို့ခေါ်တဲ့ ဝေဒနာ ခံစားနေရသူပါ။ဒီဝေဒနာ ကဦးနှောက်ရဲ့ လုပ်ဆောင်ချက် စည်းချက်မကျမှုတွေကြောင့် စိတ်လှုပ်ရှားတိုင်း ကြို့ထိုးနေတဲ့ ခံစားမှု မျိုးဖြစ်ပါတယ်။ ဒီဝေဒနာဟာ ဉာဏ်ရည်ဉာဏ်သွေးကိုတော့ မထိခိုက်ပါဘူး။

ဒါပေမဲ့ ဒီဝေဒနာကြောင့်ပဲ Naina ဟာ ငယ်စဉ်ကတည်းက ရယ်ပြောင်ခံခဲ့ရတယ်။ ကျောင်း များစွာမှ ထုတ်ပယ်ခံရပြီး မိသားစုဆက်ဆံရေး မှာလည်း ပျော်ရွှင်မှုမရှိခဲ့ဘူး။” ကျွန်မ ကို သာမန်ကလေးတွေလို တန်းတူ ဆက်ဆံပေးကြပါလား ရှင် ”သို့ပင် Naina ဟာ ပြင်မရတဲ့ အားနည်းချက်ကို သိမ်ငယ်မနေခဲ့ပါဘူး။ ဒီတစ်ချက်ဟာ ဇာတ်ကားရဲ့ Message တစ်ခုပါပဲ။ဘဝလူသားတွေဆီမှာ အားနည်းချက်ကိုယ်စီ ရှိတတ်ကြပြီး ပြင်မရတဲ့အားနည်းချက်တွေမှာပဲ စိတ်ဓာတ်ကျရပါတယ်။ ဒါပေမဲ့ Naina ရဲ့ စရိုက် က ဒီစိတ်ဓာတ်ကို

ရိုက်ချိုး ပြနိုင်ခဲ့ပါတယ်။Naina အနေနဲ့ ဆရာမ အလုပ်အကိုင် လျှောက်တော့လည်း ကျောင်းပေါင်းများစွာက ငြင်းပယ်ခဲ့တယ်။ နောက်ဆုံးမှာတော့ St.Nokler’s ကျောင်းရဲ့ အညံ့ဆုံး အဆိုးဆုံး အတန်းကို သင်ပေးဖို့ ဖြစ်ခဲ့ပါတယ်။9F ဆိုတဲ့အတန်းကလည်း တကယ့်အဆိုးလေးတွေချည်း။ ဆရာမ တွေကိုတောင် ထွက်ပြေးအောင် ကြံဖန်ကြတဲ့ကလေးတွေ။ ကျောင်းတစ်ခုလုံးမှာ ရတဲ့ “Perfect ” တံဆိပ်လေးတွေ တပ်ခွင့်မရှိတဲ့ကလေးတွေ။ ကျောင်းသန့်ရှင်းရေးသမား တွေရဲ့ ကလေးတွေ။ဒီတော့ 9F ကလေးတွေကို ပညာရေးစိတ်ဝင်စားအောင် Naina တစ်ယောက် စီစဉ်ရပါတော့တယ်။ ဒီဇာတ်ကားရဲ့ ပညာရေးတည်ဆောက်ပုံက တကယ် လက်တွေ့ဆန်တယ်။ စူးစမ်းချင်စိတ်ကို တည်ဆောက်တယ်။ ကျွန်တော်ကတော့ ဒီဇာတ်ဝင်ခန်းတွေ သိပ်ကြွေခဲ့တာပဲ။” ကလေးတို့ နားထောင်။ မင်းတို့ကြောက်ရတဲ့ အလုပ်တွေ စာရွက်တွေပေါ်ရေးပါ။ ပြီးရင် လေယာဉ်လေးခေါက်ပြီး လွှင့်ပစ်လိုက်ကြပါ။ မင်းတို့ကြောက် တာ မင်းတို့ အားနည်းချက် အစစ်အမှန်မဟုတ်ဘူး ”ဒီလို တည်ဆောက်ခဲ့တဲ့ Naina ။ တကယ့် ဆရာစစ် တစ်ယောက်ရဲ့ အသွင်အပြင်တွေကို မြင်ရမှာမလို့ ကြည့်ကြည့်ကြပါ။ လိုအပ်သူများ​လေ့လာဖို့တင်​ပေးထားပါသည်။ မူရင်းတင်​ပေးထားသူများကို​ကျေးဇူးတင်ပါသည်", "link":"https://drive.google.com/file/d/1d-Yjyc-BiVk5RzeEubndoYLm5YAjzl3b/view?usp=sharing ","link2":"https://drive.google.com/file/d/1d-Yjyc-BiVk5RzeEubndoYLm5YAjzl3b/view?usp=sharing ","mb1":"120","mb2":"560","time":"145","category":"level"},{"bname":"taare zameen par ( 2007 )","thumbnail":"https://i.imgur.com/sdzgFoK.jpg","wname":"File Size ကြီး​တော့ မရ​သေးရင် ပြန်တင်​ပေးထားပါမယ် 

ဒီတစ်ခါတော့ အရမ်းအရမ်းကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ခုကို ညွှန်းပေးပါရစေ...


မင်းသားကတော့ ရမ်ချို (သို့) PK လို့လူသိများတဲ့ Aamir Khan မင်းသားပါ၀င်သရုပ်ဆောင်ထားပါတယ်

ဇာတ်လမ်းအစမှာ စကားလုံးတွေကို ရေးရဖတ်ရခက်တဲ့ ရောဂါတစ်ရှိနေတဲ့ ၈ နှစ်အရွယ် သုံးတန်းကျောင်းသားလေးတစ်ယောက်ကို ဇာတ်အိမ်တည်ထားတယ်...


သူ့မှာ စာဖတ်ရတာထက် ကျားအမြီးသွားဆွဲတာမှ ပိုမယ်ဆိုတဲ့ လူတစ်ယောက်။ Y ရှေ့မှာ X ရှိတယ်ဆိုတာတောင်မသိတဲ့ကျောင်းသားလေးတစ်ယောက်ပေါ့... သုံးတန်း နှစ်နှစ်တက်တဲ့အထိ ဘာတိုးတက်မှုမှ မရှိတဲ့အပြင် အိမ်နီးချင်းတွေနဲ့ ပြသာနာ အမြဲတမ်းတက်တော့ မိဘတွေ ဆူတာလည်း အမြဲတမ်း ခံရတယ် ဒါပေမဲ့ သူက စာညံ့သလောက် သူအစ်ကိုကတော့ ကျောင်းမှာ နံပတ်တစ်ပဲ သူက အမြဲတမ်း သူ့အစ်ကိုက အားကျတယ် ဒါပေမဲ့လည်း သူနဲ့ကတော့ ဆီနဲ့ ရေလိုကွာနေတာပေါ့ ဒါပေမဲ့ အဲ့ ကျောင်းသားလေးက ပန်းချီဆွဲတာ အရမ်းဝါသာနာပါပြီး တော်လည်းတော်တယ် ကျောင်းနှစ်၀က်ရောက်တော့ ကျောင်းအုပ်က ဒီကျောင်းသားမှာ ပြသာနာ တစ်ခုခုရှိနေတာမလို့ သီးသန့် ဘော်ဒါဆောင်ပို့သင့်ကြောင်း အကြောင်းဖန်လာပါလေရော အဲ့ဒီမှာပဲ ဘော်ဒါဆောင်နေရတော့ ‌ကျောင်းသားလေးမှာ မိဘတွေနဲ့ မတွေ့ရ ကျောင်းမှာလေး စာမလိုက်နိုင်တော့ သူတို့ စိတ်ဓာတ်တွေ အစိတ်စိတ် ပြိုကွဲကုန်တော့တာပေါ့...


တစ်နေ့မှာတော့ ပန်းချီအချိန်အတွက် ယာယီ ဆရာ တစ်ယောက်ရောက်လာတယ် သူက ဒီကျောင်းသားလေးကိုသတိထားမိသွားတယ် အဲ့တာနဲ့ပဲ သူကပဲ စာတွေအကုန်လုံး ဒီကျောင်းသားလေးကိုပြန်သင်ပေးတဲ့ ဇာတ်လမ်းမျိုးလေးပါ...


ဇာတ်ကားထဲက ရင်ထဲ ဆွဲနေမယ့် စကားလုံးတွေ ပြောရမယ်ဆိုရင် 

“မိဘတွေက သူတို့သားသမီးတွေအပေါ် မျှော်လင့်ချက် တအားထားကြတယ် ပြီးတော့ အခြား ကလေးတွေနဲ့လည်း ပြိုင်ခိုင်းတယ် သူတို့ရဲ့ ရည်မှန်းချက်တွေကို သူတို့ ကလေးတွေကို ဇွတ်ထိမ်းခိုင်းထားကြတယ် ဒါက အလုပ်လုပ်ခိုင်းတာထက်တောင်ဆိုးသေးတယ်”ဆိုတဲ့ အကြောင်းအရာကိုပြောထားတာမျိုးက သူတို့စီမှာတင်မဟုတ်ဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံက မိဘ အမျာစုလည်း အဲ့အတိုင်းပါပဲ...


ပြောရရင် ဒီဇာတ်ကားက စိတ်ခွန်အားလိုနေတဲ့သူတွေရော ၊ ကလေးရှိတဲ့ မိဘတွေရော ၊ ကြည့်ပြီးရင်နောင်တမရမယ့် ဇာတ်ကားမျိုးကြည့်ချင်တဲ့ သူတွေအတွက်ပါ လုံး၀ အံ့ကိုက်ပဲလို့ထင်ပါတယ်


🟨 Movie Name :

      taare zameen par ( 2007 )


ဆရာ ဆရာမ​တွေ ပြန်ကြည့်လို့ရ​အောင်တင်​ပေးလိုက်ပါတယ် အရမ်းကြည့်​ကောင်းတဲ့ပညာ​ပေးကား​လေးပါ Thank a lot for original post", "link":"https://drive.google.com/file/d/14uyXaPqQA96nWLBWUYOwicdXmI1qZM_4/view?usp=drive_link ", "link2":"https://drive.google.com/file/d/14uyXaPqQA96nWLBWUYOwicdXmI1qZM_4/view?usp=drive_link ","mb1":"120","mb2":"560","time":"145","category":"level"},{"bname":"ရိုးမပေါ်က ကျတဲ့မျက်ရည်","thumbnail":"https://i.imgur.com/Ae023mi.jpg","wname":"ဆရာ ဆရာမ​တွေ ပြန်ကြည့်လို့ရ​အောင်တင်​ပေးလိုက်ပါတယ် အရမ်းကြည့်​ကောင်းတဲ့ပညာ​ပေးကား​လေးပါ Thank a lot for original post", "link":"https://drive.google.com/file/d/11nao8VRHW6Z8KcJHgce3_NPl_dBNdj3y/view?usp=drivesdk ", "link2":"https://drive.google.com/file/d/11nao8VRHW6Z8KcJHgce3_NPl_dBNdj3y/view?usp=drivesdk ","mb1":"120","mb2":"560","time":"145","category":"level"},{"bname":"3 Idiots (2009)

","thumbnail":"https://i.imgur.com/Fpcw6R6.jpg","wname":" December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့

3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan

ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်…

မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ်

လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်…ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ

သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။

ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး….သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ

မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ

ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။


ဒီအကြောင်းတွေကို ဒီရုပ်ရှင်လေးမှာ #ရန်ချို #ဖာရ်ဟန်း #ရာဂျူး ဆိုတဲ့ အင်ဂျင်နီယာကျောင်းက သူငယ်ချင်း

၃ ယောက်နဲ့ ပုံဖော်ရိုက်ကူးထားပါတယ်။

ဘယ်ကလာမှန်းမသိ ဘယ်လိုလူမှန်းမသိ လူထူးလူဆန်း ဖြစ်နေတဲ့

ရန်ချို…

ပင်စင်လစာလေး တစ်ပဲခြောက်ပြားနဲ့ လေဖြတ်နေတဲ့ အဖေကို ဆေးကုနေရင်း အမေဖြစ်သူရဲ့

ချာပါတီရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ကျောင်းလခ ပေးရင်း ချို့တဲ့စွာ စာသင်ယူနေရတဲ့ ရာဂျူး…

ငယ်စဉ်ကတည်းက အနုပညာကိုဝါသနာပါပေမယ့် ဖခင် ဖြစ်စေချင်တဲ့ အင်ဂျင်နီယာကြီးဖြစ်ဖို့အတွက်

မိဘစကား နားထောင်ပြီး ရိုးရိုးကုတ်ကုတ် စာကြိုးစားတတ်သူ ဖာရ်ဟန်း…

သူတို့ ၃ ယောက်ဆုံကြတာက နာမည်ကြီး အင်ဂျင်နီယာကျောင်းတစ်ခုမှာ…

ရက်စက်ပြီး စက်ရုပ်လိုနှလုံးသားနဲ့ စည်းကမ်းကြီးတဲ့ ကျောင်းအုပ်ကြီးလက်အောက်မှာ သူတို့ ၃ ယောက် ကိုယ့်ဝါသနာနဲ့ပညာရပ်တွေကို ဘယ်လိုပုံဖော်ကြမယ်ဆိုတာ ကြည့်ရှုရမှာပါ…။

ဆုတွေတစ်သီကြီးရရှိထားတဲ့ ဒီဇာတ်ကားဟာ အိန္ဒိယရဲ့အကောင်းဆုံးဇာတ်ကားထဲက တစ်ကားဖြစ်ပြီး အတွေးအမြင်တွေကို သမားရိုးကျကနေ လူသားဆန်ဆန်ဖောက်ထွက်သွားနိုင်တာမို့ ကြည့်ပြီးရင် သိမ်းထားရမယ့်ဇာတ်ကားမျိုးပါပဲ။

BluRay 4K HEVC , 1080p ,720p Quality တွေနဲ့သိမ်းထားရအောင် ပြန်လည်တင်ဆက်ထားပါတယ်။

(သီချင်းတွေကအစ ခံစားပြီး ဘာသာပြန်တင်ဆက်ထားသူများကတော့ Nyi Koe & Myint Thu တို့ပဲဖြစ်ပါတယ်။)

", "link":"https://drive.google.com/file/d/16h1-UjITL7EcQ7IeEKIf_Xf8zOoXvWKG/view?usp=drivesdk ", "link2":"https://drive.google.com/file/d/16h1-UjITL7EcQ7IeEKIf_Xf8zOoXvWKG/view?usp=drivesdk ","mb1":"120","mb2":"560","time":"145","category":"level"},{"bname":"ပညာ​ရေးနဲ့ပါတ်သက်တဲ့ကား​ကောင်း​​လေးပါ","thumbnail":"https://i.imgur.com/1nGSDQd.jpg","wname":" မြတ်ဆရာ

ပညာရေးဆိုတာ

ဆရာတွေက စေတနာမေတ္တာတွေနဲ့ ပြည့်စုံရုံတင်မကဘဲနဲ့

စ နစ်ကလည်း ပညာရေးကို အလေးပေးဖို့လိုအပ်ကြောင်းကို တစ်ခေတ်တုန်းကဖြစ်ခဲ့တဲ့အမှန်တရားတွေနဲ့

ထောက်ပြထားတဲ့ဇာတ်လမ်း vaathi

ကြည့်ရင်းနဲ့မျက်ရည်ကျရပါတယ်🥺

vedio crd", "link":"https://drive.google.com/file/d/1-yQ6x2zbWQdqFXf9eJZnbmSYyirx2zrQ/view?usp=drivesdk ", "link2":"https://drive.google.com/file/d/1-yQ6x2zbWQdqFXf9eJZnbmSYyirx2zrQ/view?usp=drivesdk ","mb1":"120","mb2":"560","time":"145","category":"level"},{"bname":" Naachiyaar (2018) မြန်မာစာတမ်းထိုး","wname":"ပညာ​ပေးဇာတ်ကား​လေးပါ","link":"https://drive.google.com/uc?id=18JC_XjG07xFTFbB-HJkHR7WmOTIChtWl&export=download","link2":"https://drive.google.com/uc?id=18JC_XjG07xFTFbB-HJkHR7WmOTIChtWl&export=download","thumbnail":"https://i.imgur.com/ufXIfFh.jpg", "mb1":"120","mb2":"560","time":"145","category":"edu"}]}



Comments

Popular posts from this blog

cartoon

story